Happy New Year 2009
Thursday, January 01, 2009
Thursday, July 24, 2008
Thursday, June 12, 2008
Wednesday, September 12, 2007
Wednesday, September 05, 2007
Myanmar Photo Gallery website မိတ်ဆက်
website တစ်ခုကို မိတ်ဆက်ပေးတာပါ ....
http://www.myanmarphotogallery.com/
Myanmar Photo Gallery တစ်ခုပါ ............
ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေး ရဲ့ လက်စွမ်းပြ ဓာတ်ပုံတွေကို ခံစားနိုင်ပါတယ် .........
Silverlight.1.0 ဆိုတဲ့ software တော့ သုံးဖို့လိုပါတယ် ......
Silverlight.1.0 ကိုဒေါင်းလုပ်လုပ်ပြီး သုံးကြည့်နိုင်ပါတယ် .........
http://www.myanmarphotogallery.com/
Myanmar Photo Gallery တစ်ခုပါ ............
ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေး ရဲ့ လက်စွမ်းပြ ဓာတ်ပုံတွေကို ခံစားနိုင်ပါတယ် .........
Silverlight.1.0 ဆိုတဲ့ software တော့ သုံးဖို့လိုပါတယ် ......
Silverlight.1.0 ကိုဒေါင်းလုပ်လုပ်ပြီး သုံးကြည့်နိုင်ပါတယ် .........
Labels:
mandalay,
mg ba oo,
myanmar photo gallery
Monday, September 03, 2007
Shwe Dagon Pagoda




ရွှေတိဂုံစေတီတော် ဖြစ်ပါတယ် ..........
အမြင်မဆန်းတော့လည်း အမှတ်တရပါ ......
ကိုမင်းလွင်ဦး+မလေးနန္ဒာကျော်တို့ရဲ့ မင်္ဂလာပွဲမှာ ဓာတ်ပုံမှတ်တမ်းတင်ဖို့ သွားရင်း ရိုက်ခဲ့တဲ့ပုံလေးပါ .....
ဟော်တယ်တစ်ခုပေါ်ကရိုက်ထားတာပါ .....
အဲဒီအခန်းမှာပဲ တည်းပြီး ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေပါ ........
အခန်းကို sponsor ပေးတဲ့ myanmar frangipani tours ကို ကျေးဇူးတင်ပါတယ် ..................
Tuesday, August 28, 2007
Sunday, August 19, 2007
Saturday, August 18, 2007
World Photography Day
၁၉-၈-၂၀၀၇ ရက်နေ့ဟာ ကမ္ဘာ့ဓာတ်ပုံပညာနေ့ပါ။
ဓာတ်ပုံချစ်မြတ်နိုးသူတိုင်း
အပျော်တမ်းရိုက်တာပဲ ဖြစ်ဖြစ်
စီးပွားဖြစ်ရိုက်တာပဲဖြစ်ဖြစ်
ဝါသနာပါလို့ ရိုက်တာပဲဖြစ်ဖြစ်
ဘယ်သူမဆို မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို
ဤ Blog http://wpd-mm.blogspot.com/ ၌ တင်ပေးခြင်းဖြင့်
ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုဂုဏ်ပြုကြရအောင်ဗျာ ........
ဓာတ်ပုံချစ်မြတ်နိုးသူတိုင်း
အပျော်တမ်းရိုက်တာပဲ ဖြစ်ဖြစ်
စီးပွားဖြစ်ရိုက်တာပဲဖြစ်ဖြစ်
ဝါသနာပါလို့ ရိုက်တာပဲဖြစ်ဖြစ်
ဘယ်သူမဆို မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို
ဤ Blog http://wpd-mm.blogspot.com/ ၌ တင်ပေးခြင်းဖြင့်
ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုဂုဏ်ပြုကြရအောင်ဗျာ ........
Thursday, August 16, 2007
ဥမင်သုံးဆယ်
camera : Fuji Fine Pix 9500


စစ်ကိုင်းတောင်ပေါ်ကို မရောက်တာကြာခဲ့ပြီ .......
ဓာတ်ပုံကောင်းတွေ ရနိုင်တဲ့နေရာလေး တစ်ခုပါ ......
ဒီတစ်ခေါက်တော့ ရေကြီးနေတယ်လို့ကြားတာနဲ့ သွားကြည့်ချင်စိတ်ပေါ်ပြီ လိုက်ဖြစ်ခဲ့တယ် ....
ခေါ်တဲ့သူကလည်း ခေါ်လို့ပေါ့ဗျာ .....
ဦးထိပ်၊ ကိုမန်းမောင်၊ ကိုမောင်မောင်တို့နဲ့အတူ စစ်ကိုင်းတောင်ပေါ်ကို ရောက်ခဲ့တယ် ....
စစ်ကိုင်းတောင်ပေါ်က ဥမင်သုံးဆယ်ကိုပဲ ရောက်ခဲ့တာပါ ........
ဓာတ်ပုံရိုက်စရာဖို့ ကိစ္စတစ်ခုက တောင်အောက်မှာ ရှိနေတော့ အချိန်အကြာကြီးမရပါဘူး .....
ဥမင်သုံးဆယ်ရဲ့ perspective အမြင်ကို ရိုက်ချင်လို့သာ လာခဲ့ရတာ .......
အရင်ကဆိုရင် ဒီနေရာက ပြိုင်ပွဲဓာတ်ပုံဆရာ၊ ပြက္ခဒိန်ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံးပုံတွေ ရခဲ့တဲ့ နေရာပါ ...


စစ်ကိုင်းတောင်ပေါ်ကို မရောက်တာကြာခဲ့ပြီ .......ဓာတ်ပုံကောင်းတွေ ရနိုင်တဲ့နေရာလေး တစ်ခုပါ ......
ဒီတစ်ခေါက်တော့ ရေကြီးနေတယ်လို့ကြားတာနဲ့ သွားကြည့်ချင်စိတ်ပေါ်ပြီ လိုက်ဖြစ်ခဲ့တယ် ....
ခေါ်တဲ့သူကလည်း ခေါ်လို့ပေါ့ဗျာ .....
ဦးထိပ်၊ ကိုမန်းမောင်၊ ကိုမောင်မောင်တို့နဲ့အတူ စစ်ကိုင်းတောင်ပေါ်ကို ရောက်ခဲ့တယ် ....
စစ်ကိုင်းတောင်ပေါ်က ဥမင်သုံးဆယ်ကိုပဲ ရောက်ခဲ့တာပါ ........
ဓာတ်ပုံရိုက်စရာဖို့ ကိစ္စတစ်ခုက တောင်အောက်မှာ ရှိနေတော့ အချိန်အကြာကြီးမရပါဘူး .....
ဥမင်သုံးဆယ်ရဲ့ perspective အမြင်ကို ရိုက်ချင်လို့သာ လာခဲ့ရတာ .......
အရင်ကဆိုရင် ဒီနေရာက ပြိုင်ပွဲဓာတ်ပုံဆရာ၊ ပြက္ခဒိန်ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံးပုံတွေ ရခဲ့တဲ့ နေရာပါ ...
Friday, August 10, 2007
ရေအပြည့်နဲ့တောင်သမန်ကန်

တောင်သမန်ကန် ရေပြည့်နေတုန်း သွားရိုက်ထားတာပါ .......ရေပြည့်နေပုံကလည်း ဦးပိန်တံတားရဲ့ ကြမ်းခင်းနဲ့ ကွက်တိဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ် ......
လွန်ခဲ့တဲ့ နှစ် (၂၀၀၄) တုန်းက တံတားကို ကျော်သွားတယ်လို့ ပြောကြတယ် ......
အဲဒီတုန်းက မန္တလေးမှာ မရှိတဲ့ အချိန်ဆိုတော့ မရောက်ဖြစ်လိုက်ဘူး .......
ဒီတစ်ခါတော့ ရေပြည့်နေတဲ့တောင်သမန်ကန်နဲ့ ဦးပိန်အလှကို မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ် ......
Camera : Fuji 9500
Tuesday, August 07, 2007
တံငါ

ပိုက်ကွန်နဲ့ အလုပ်လုပ်နေတဲ့ တံငါသည်ကို ရိုက်ထားတဲ့ ဓာတ်ပုံလေးပါ .....
ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘာရိုက်ထားမှန်းမသိဘူး အမည်းပြင်ကြီးထဲမှာ အဖြူစက်တွေပဲ တွေ့ရမှာပါ ......
တကယ်ခံစားကြည့်မယ်ဆိုရင်
တံငါသည်ရဲ့ အင်အားအပြည့်နဲ့ အလုပ်လုပ်နေတာကို တွေ့ရမှာပါ ...
ရေပြင်ကြီးကိုတွေ့ရမယ် ......
သောင်ထွန်းနေတာတွေ တွေ့ရမယ် .....
အလင်းရောင်ရဲ့ ပံ့ပိုးမှုအားတွေကို တွေ့ရမယ် .......
.................................
မန္တလေးဓာတ်ပုံအသင်းက ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ (အဖြူအမည်းကဏ္ဍ) မှာ ပထမဆုရခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ် ............
Saturday, July 28, 2007
Mandalay Today


မန္တလေးသားတွေ အားလုံးသိကြ မြင်ဖူးနေကြ နေရာလေးတစ်ခုပါ .......
နန်းမြို့ရိုးနဲ့ အမြင်တင့်တယ်နေတဲ့ ကျုံးပုံကိုတွေ့ရင် ဒါဟာ မန္တလေးရဲ့ သင်္ကေတဆိုတာ သိပြီးသား ဖြစ်နေမှာပါ .....
အပျော်တမ်းဓာတ်ပုံဆရာ၊ ကြေးစားဓာတ်ပုံဆရာတွေ အစဉ်အဆက် မှတ်တမ်းပြုခဲ့ကြပါတယ် .....
ဒီလိုပဲ ခရီးသွားဟန်လွှဲ ရောက်လာတဲ့ ဧည့်သည်တွေလည်း ဒီနေရာကို ရောက်ရင် ကိုယ်ပိုင်ကင်မရာငယ်လေးတွေ ထုတ်ပြီး မဖြစ်မနေ မှတ်တမ်းတင်လေ့ရှိပါတယ် .....
ကျွန်တော့်လို မန္တလေးသား ဓာတ်ပုံဆရာအတွက်တော့ ဒီနေရာတွေဟာ လေ့ကျင့်ကွင်းတစ်ခုပါပဲ .......
ဓာတ်ပုံစပြီး ရိုက်တတ်ခါစသူတွေအတွက် လွတ်လွတ်လပ်လပ်နဲ့ အမြင်အမျိုးမျိုး အတွေးအမျိုးမျိုးနဲ့ ရိုက်ကူးနိုင်ကြပါတယ် ........
ပြိုင်ပွဲဝင်ဓာတ်ပုံဆရာတွေအတွက်လည်း နေ၀င် နေထွက် အလှမျိုးစုံဆန်းကြယ်အောင် ရိုက်ကူးလေ့ရှိကြပါတယ် ......
ကျွန်တော့် အတွက် ဒီပုံလေးနှစ်ပုံ ဖြစ်လာဖို့ အတွက် သိပ်ပြီး ကြိုးစားအားထုတ်မှုတွေ မလုပ်ခဲ့ပါဘူး .....
စိတ်ကူးခဲ့တာတော့ ကြာပါပြီ ......
၂၆-ဘီလမ်းကို ဆိုင်ကယ်နဲ့ သွားလာရင်း နေ့စဉ် တွေ့နေကြမြင်ကွင်းလေးပါ .......
ကျွန်တော့် နှလုံးသားထဲမှာ တွေးတော ကြံဆထားတာတော့ ကြာနေပါပြီ .......
လူတိုင်း ရိုက်နေကြတဲ့ နန်းမြို့ရိုးနဲ့ လိုက်ဖက်ညီနေတဲ့ကျုံးပုံကို အမြင်တစ်မျိုးနဲ့ ရိုက်ကူးဖို့ပဲ ရှိခဲ့ပါတယ် .....
ဘယ်လိုပဲ ရိုက်ရိုက် မရိုးနိုင်တဲ့ပုံတွေပါ .....
ဓာတ်ပုံထဲမှာ ကျုံးမြို့ရိုးကို သေးသေးလေးထားပြီး ရှေ့က သစ်ပင်ကို အဓိကထားပြီး ရိုက်ကူးခဲ့ပါတယ် .......
ရှေ့က သစ်ပင်ကလည်း ကိုင်းညွတ်နေတာ အတော်လေးကို ကြည့်ကောင်းလှပါတယ် ......
အဲဒီသစ်ပင်ဟာ နွေ မိုး ဆောင်း သုံးဥတုစလုံး အရွက်စိမ်းအနဲငယ်ပဲရှိတာကို သတိထားမိပါတယ် ......
ဘယ်အချိန်ကြည့်ကြည့် ဒီအတိုင်းပါပဲ ..... ကိုင်းညွတ်နေပုံကလည်း အလွန်မှ ပျော့ပျောင်းလှပါတယ် .......
မာကြော တောင့်တင်း ခိုင်မာနေတဲ့ ကျုံးနဲ့ ပျော့ပျောင်းနေတဲ့ သစ်ပင်ကို နှိုင်းယှဉ်ပြသရလည်း ရောက်ပါတယ် ......
အမြင် အတွေး ဆန်းကြယ်မှုတွေနဲ့ ရလာတဲ့ ပုံလေးနှစ်ပုံပါ .........
ရိုက်ထားတာတော့ ဆယ်ပုံကျော်လောက်ရှိပါတယ် ......
ဒီပုံလေးနှစ်ပုံဟာ ရင်ကို ထိမှန်စေခဲ့တာတော့ အမှန်ပါ ............
Saturday, July 21, 2007
Wednesday, May 23, 2007
Subscribe to:
Posts (Atom)
-796104.jpg)
-797050.jpg)











