Tuesday, August 28, 2007

Sunday, August 19, 2007

Happy World Photography Day


Happy World Photography Day !!!!!!!!!!!!!

Aug 19, 2007



wpd-mm.blogspot.com

Saturday, August 18, 2007

သင်္ကြန်


သင်္ကြန်


Happy World Photography Day !!!!!!!!!!

19-8-2007

Happy World Photography Day !!!!!!!!!!

World Photography Day

၁၉-၈-၂၀၀၇ ရက်နေ့ဟာ ကမ္ဘာ့ဓာတ်ပုံပညာနေ့ပါ။

ဓာတ်ပုံချစ်မြတ်နိုးသူတိုင်း


အပျော်တမ်းရိုက်တာပဲ ဖြစ်ဖြစ်
စီးပွားဖြစ်ရိုက်တာပဲဖြစ်ဖြစ်
ဝါသနာပါလို့ ရိုက်တာပဲဖြစ်ဖြစ်

ဘယ်သူမဆို မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို

ဤ Blog http://wpd-mm.blogspot.com/ ၌ တင်ပေးခြင်းဖြင့်

ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုဂုဏ်ပြုကြရအောင်ဗျာ ........



Thursday, August 16, 2007

ဥမင်သုံးဆယ်

camera : Fuji Fine Pix 9500



စစ်ကိုင်းတောင်ပေါ်ကို မရောက်တာကြာခဲ့ပြီ .......
ဓာတ်ပုံကောင်းတွေ ရနိုင်တဲ့နေရာလေး တစ်ခုပါ ......
ဒီတစ်ခေါက်တော့ ရေကြီးနေတယ်လို့ကြားတာနဲ့ သွားကြည့်ချင်စိတ်ပေါ်ပြီ လိုက်ဖြစ်ခဲ့တယ် ....
ခေါ်တဲ့သူကလည်း ခေါ်လို့ပေါ့ဗျာ .....
ဦးထိပ်၊ ကိုမန်းမောင်၊ ကိုမောင်မောင်တို့နဲ့အတူ စစ်ကိုင်းတောင်ပေါ်ကို ရောက်ခဲ့တယ် ....
စစ်ကိုင်းတောင်ပေါ်က ဥမင်သုံးဆယ်ကိုပဲ ရောက်ခဲ့တာပါ ........
ဓာတ်ပုံရိုက်စရာဖို့ ကိစ္စတစ်ခုက တောင်အောက်မှာ ရှိနေတော့ အချိန်အကြာကြီးမရပါဘူး .....
ဥမင်သုံးဆယ်ရဲ့ perspective အမြင်ကို ရိုက်ချင်လို့သာ လာခဲ့ရတာ .......
အရင်ကဆိုရင် ဒီနေရာက ပြိုင်ပွဲဓာတ်ပုံဆရာ၊ ပြက္ခဒိန်ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံးပုံတွေ ရခဲ့တဲ့ နေရာပါ ...



Friday, August 10, 2007

ရေအပြည့်နဲ့တောင်သမန်ကန်


တောင်သမန်ကန် ရေပြည့်နေတုန်း သွားရိုက်ထားတာပါ .......
ရေပြည့်နေပုံကလည်း ဦးပိန်တံတားရဲ့ ကြမ်းခင်းနဲ့ ကွက်တိဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ် ......
လွန်ခဲ့တဲ့ နှစ် (၂၀၀၄) တုန်းက တံတားကို ကျော်သွားတယ်လို့ ပြောကြတယ် ......
အဲဒီတုန်းက မန္တလေးမှာ မရှိတဲ့ အချိန်ဆိုတော့ မရောက်ဖြစ်လိုက်ဘူး .......
ဒီတစ်ခါတော့ ရေပြည့်နေတဲ့တောင်သမန်ကန်နဲ့ ဦးပိန်အလှကို မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ် ......

Camera : Fuji 9500

Tuesday, August 07, 2007

တံငါ


ပိုက်ကွန်နဲ့ အလုပ်လုပ်နေတဲ့ တံငါသည်ကို ရိုက်ထားတဲ့ ဓာတ်ပုံလေးပါ .....

ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘာရိုက်ထားမှန်းမသိဘူး အမည်းပြင်ကြီးထဲမှာ အဖြူစက်တွေပဲ တွေ့ရမှာပါ ......

တကယ်ခံစားကြည့်မယ်ဆိုရင်

တံငါသည်ရဲ့ အင်အားအပြည့်နဲ့ အလုပ်လုပ်နေတာကို တွေ့ရမှာပါ ...

ရေပြင်ကြီးကိုတွေ့ရမယ် ......

သောင်ထွန်းနေတာတွေ တွေ့ရမယ် .....

အလင်းရောင်ရဲ့ ပံ့ပိုးမှုအားတွေကို တွေ့ရမယ် .......

.................................


မန္တလေးဓာတ်ပုံအသင်းက ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ (အဖြူအမည်းကဏ္ဍ) မှာ ပထမဆုရခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ် ............