Saturday, July 28, 2007

Mandalay Today



မန္တလေးသားတွေ အားလုံးသိကြ မြင်ဖူးနေကြ နေရာလေးတစ်ခုပါ .......
နန်းမြို့ရိုးနဲ့ အမြင်တင့်တယ်နေတဲ့ ကျုံးပုံကိုတွေ့ရင် ဒါဟာ မန္တလေးရဲ့ သင်္ကေတဆိုတာ သိပြီးသား ဖြစ်နေမှာပါ .....
အပျော်တမ်းဓာတ်ပုံဆရာ၊ ကြေးစားဓာတ်ပုံဆရာတွေ အစဉ်အဆက် မှတ်တမ်းပြုခဲ့ကြပါတယ် .....
ဒီလိုပဲ ခရီးသွားဟန်လွှဲ ရောက်လာတဲ့ ဧည့်သည်တွေလည်း ဒီနေရာကို ရောက်ရင် ကိုယ်ပိုင်ကင်မရာငယ်လေးတွေ ထုတ်ပြီး မဖြစ်မနေ မှတ်တမ်းတင်လေ့ရှိပါတယ် .....
ကျွန်တော့်လို မန္တလေးသား ဓာတ်ပုံဆရာအတွက်တော့ ဒီနေရာတွေဟာ လေ့ကျင့်ကွင်းတစ်ခုပါပဲ .......
ဓာတ်ပုံစပြီး ရိုက်တတ်ခါစသူတွေအတွက် လွတ်လွတ်လပ်လပ်နဲ့ အမြင်အမျိုးမျိုး အတွေးအမျိုးမျိုးနဲ့ ရိုက်ကူးနိုင်ကြပါတယ် ........
ပြိုင်ပွဲဝင်ဓာတ်ပုံဆရာတွေအတွက်လည်း နေ၀င် နေထွက် အလှမျိုးစုံဆန်းကြယ်အောင် ရိုက်ကူးလေ့ရှိကြပါတယ် ......

ကျွန်တော့် အတွက် ဒီပုံလေးနှစ်ပုံ ဖြစ်လာဖို့ အတွက် သိပ်ပြီး ကြိုးစားအားထုတ်မှုတွေ မလုပ်ခဲ့ပါဘူး .....
စိတ်ကူးခဲ့တာတော့ ကြာပါပြီ ......
၂၆-ဘီလမ်းကို ဆိုင်ကယ်နဲ့ သွားလာရင်း နေ့စဉ် တွေ့နေကြမြင်ကွင်းလေးပါ .......
ကျွန်တော့် နှလုံးသားထဲမှာ တွေးတော ကြံဆထားတာတော့ ကြာနေပါပြီ .......
လူတိုင်း ရိုက်နေကြတဲ့ နန်းမြို့ရိုးနဲ့ လိုက်ဖက်ညီနေတဲ့ကျုံးပုံကို အမြင်တစ်မျိုးနဲ့ ရိုက်ကူးဖို့ပဲ ရှိခဲ့ပါတယ် .....
ဘယ်လိုပဲ ရိုက်ရိုက် မရိုးနိုင်တဲ့ပုံတွေပါ .....

ဓာတ်ပုံထဲမှာ ကျုံးမြို့ရိုးကို သေးသေးလေးထားပြီး ရှေ့က သစ်ပင်ကို အဓိကထားပြီး ရိုက်ကူးခဲ့ပါတယ် .......
ရှေ့က သစ်ပင်ကလည်း ကိုင်းညွတ်နေတာ အတော်လေးကို ကြည့်ကောင်းလှပါတယ် ......
အဲဒီသစ်ပင်ဟာ နွေ မိုး ဆောင်း သုံးဥတုစလုံး အရွက်စိမ်းအနဲငယ်ပဲရှိတာကို သတိထားမိပါတယ် ......
ဘယ်အချိန်ကြည့်ကြည့် ဒီအတိုင်းပါပဲ ..... ကိုင်းညွတ်နေပုံကလည်း အလွန်မှ ပျော့ပျောင်းလှပါတယ် .......
မာကြော တောင့်တင်း ခိုင်မာနေတဲ့ ကျုံးနဲ့ ပျော့ပျောင်းနေတဲ့ သစ်ပင်ကို နှိုင်းယှဉ်ပြသရလည်း ရောက်ပါတယ် ......
အမြင် အတွေး ဆန်းကြယ်မှုတွေနဲ့ ရလာတဲ့ ပုံလေးနှစ်ပုံပါ .........
ရိုက်ထားတာတော့ ဆယ်ပုံကျော်လောက်ရှိပါတယ် ......
ဒီပုံလေးနှစ်ပုံဟာ ရင်ကို ထိမှန်စေခဲ့တာတော့ အမှန်ပါ ............



Saturday, July 21, 2007

Friday, July 20, 2007


Good Morning Mandalay 2


Good Morning Mandalay

Wednesday, May 23, 2007

Monday, May 14, 2007





Sett Se Beach

Friday, May 11, 2007

Thursday, May 10, 2007





Mandalay Evening

Monday, May 07, 2007

Sunday, April 23, 2006

Monday, February 27, 2006


Chaung Tha Beach Posted by Picasa

Tuesday, January 17, 2006


Mandalay IT Show (7-1-2006) Posted by Picasa

Mother Day (Pya Tho La Pyae) Posted by Picasa

Mother Day (Pya Tho La Pyae) Posted by Picasa

Mother Day (Pya Tho La Pyae) Posted by Picasa

Mother Day (Pya Tho La Pyae) Posted by Picasa

Mother Day (Pya Tho La Pyae) Posted by Picasa

Mother Day (Pya Tho La Pyae) Posted by Picasa

Friday, January 06, 2006